Lotayamm

search
မာတိကာ

ထိပ်ဆုံးစာမျက်နှာ > တားရော့


ယနေ့ကံကြမ္မာ အစီအစဉ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ


ဤစည်းကမ်းသတ်မှတ်ချက်များ (စည်းကမ်းချက်များ)သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း( အမ်ပီတီ)က တဲရော့ (၀န်ဆောင်မှု)အမည်ဖြင့် ပေးထားသော တဲရော့ဗေဒင်ကဏ္ဍအားအသုံးပြုသူများနှင့် သက်ဆိုင်ပြီး ဤစည်းကမ်း သတ်မှတ်ချက်များကို ထုတ်ပြန်လိုက်သည့် အချိန်မှစပြီး အကျိုးသက်ရောက်မည်ဖြစ်သည်။ဤ၀န်ဆောင်မှုတွင် ပါဝင်ရန် သို့မဟုတ် ၀န်ဆောင်မှုကို ဆက်လက်အသုံးပြုရန် လျှောက်ထားသူများသည် ဤစည်းကမ်းချက်များအား လက်ခံသည်ဟု ယူဆမည်ဖြစ်သည်။



၁။ဝန်ဆောင်မှု

၁.၁။ ဤ၀န်ဆောင်မှုသည် တဲရော့ဗေဒင်ကဏ္ဍဖြစ်သည်။ဤ၀န်ဆောင်မှုအား အသုံးပြုရန်၊ ၀န်ဆောင်မှုတွင် ပါဝင် ရန်နှင့် ၀န်ဆောင်မှုကို ဆက်လက်အသုံးပြုရန် လျှောက်ထားခြင်းသည် ၀န်ဆောင်မှုသုံးစွဲသူများနှင့် အမ်ပီတီ အကြား တရားဥပဒေအရတာဝန်ရှိသည့် သဘောတူညီချက်တစ်ရပ်ကို သတ်မှတ်ပေးထားသော ဤစည်းကမ်း ချက်များနှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် စည်းကမ်းချက်ဆိုင်ရာပြင်ဆင်ချက်များအား လက်ခံ လိုက်ခြင်း ပင်ဖြစ်သည်။

၁.၂။ အမ်ပီတီကထုတ်ပြန်လိုက်သော ဤ၀န်ဆောင်မှုနှင့်စပ်ဆိုင်သည့်ကြိုတင်ကာကွယ်မှုများနှင့် သတိပေးနှိုးဆော် ချက်များကို ဤစည်းကမ်းချက်များ၏ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်စေရမည်။

၁.၃။အမ်ပီတီသည် ယင်းစည်းကမ်းချက်များ သို့မဟုတ် မူဝါဒများ အသုံးပြုခြင်းအား အပြောင်းအလဲပြုလုပ်နိုင်ပြီး ယင်းအပြောင်းအလဲများနှင့်ပတ်သက်ပြီး သုံးစွဲသူများအား သင့်လျော်သည့် နည်းလမ်းများဖြင့် အသိပေးမည်။ သုံးစွဲသူများက ဤ ၀န်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းသည် အပြောင်းအလဲပြုလုပ်လိုက်သည့် စည်းကမ်း ချက်များနှင့် မူဝါဒများအားလုံးကို လက်ခံထားခြင်းဖြစ်သည်ဟု ယူဆမည်။



၂။ ၀န်ဆောင်မှုအား အသုံးပြုခြင်း

၂.၁။မည်သည့်အကြောင်းကြောင့်ဖြစ်စေ ၀ယ်ယူထားသည့် အစီအစဉ်များအား ပြောင်းလဲပေးခြင်း နှင့် ငွေပြန်အမ်းပေးခြင်း မရှိချေ။

၂.၂။ အမ်ပီတီသည် ၀န်ဆောင်မှုဆောင်ရွက်ချက်များအားလုံးကို စဉ်ဆက်မပြတ် ပြီးပြည့်စုံစွာ ပေးနိုင်မည်ဟု အာမမခံသည့်အပြင် ဥပဒေပြဌာန်းချက်အသစ်တစ်ရပ်အရ သို့မဟုတ် ပြင်ဆင်သည့်ဥပဒေအရ သို့မဟုတ် အသစ်ထုတ်ပြန်လိုက်သည့် သို့မဟုတ် ပြင်ဆင်လိုက်သည့် နည်းဥပဒေ သို့မဟုတ် မူဝါဒများအရ သို့မဟုတ် စည်းကမ်းချက်များအား ဖောက်ဖျက်ခြင်း သို့မဟုတ် အခြားမလွန်ဆန်နိုင်သည့်အကြောင်းတရားများအရ မည်သည့် ၀န်ဆောင်မှုဆောင်ရွက်ချက်ကိုမဆို (သို့မဟုတ်) ၀န်ဆောင်မှုတစ်ခုလုံးကို သဘောတူညီချက် တောင်းခံစရာမလိုဘဲ ရုပ်သိမ်းနိုင်သည် (သို့မဟုတ်) ဆိုင်းငံ့ထားနိုင်သည်။ယင်းဝန်ဆောင်မှု ဆောင်ရွက်ချက် ရုပ်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းတို့ ပြုလုပ်ဖြစ်ပါက ကြိုတင်အကြောင်းကြားနိုင်ရန် အမ်ပီတီက ကြိုးစားဆောင်ရွက်ရမည်။

၂.၃။ ၀န်ဆောင်မှုတစ်ခုလုံး သို့မဟုတ် ၀န်ဆောင်မှုဆောင်ရွက်ချက်တစ်ခုခုကို ရုပ်သိမ်းခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း ကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများနှင့်ပတ်သက်ပြီး အမ်ပီတီတွင် တာဝန်မရှိစေရ။



၃။တားမြစ်ချက်များ

၃.၁။ ဤ၀န်ဆောင်မှုကို အသုံးပြုရာတွင် အောက်ပါအချက်များအား မပြုလုပ်ရန် အတိအလင်း တားမြစ်သည်။

၁။ တဲရော့ဗေဒင်ပညာရှင်များအား သို့မဟုတ် အခြားသူများအား စိတ်ပျက်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း သို့မဟုတ် အမျိုးမျိုးသော အဆင်မပြေဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် စာသားများ သို့မဟုတ် ရုပ်ပုံများ ပေးပို့ခြင်း

၂။ ဤ၀န်ဆောင်မှုမှ ရုပ်ပုံများအား ခွင့်ပြုချက်မရဘဲ ရယူကာ အခြားသူများအား ပေးပို့မျှဝေခြင်း

၃။ ကိုယ်ရေးကိုယ်တာအခွင့်အရေးတစ်ခုခုကို ထိပါးခြင်း

၎။ ဤ၀န်ဆောင်မှုတွင် ပါဝင်သည့် တဲရော့ဗေဒင်ပညာရှင်များအား ဤ၀န်ဆောင်မှုမှလွဲပြီး တခြားနည်းလမ်းများဖြင့် ဆက်သွယ်ခြင်း သို့မဟုတ် ဆက်သွယ်ရန် ကြိုးပမ်းခြင်း

၅။ ဤ၀န်ဆောင်မှုကို အသုံးချပြီး အခြားသူတစ်ဦးဦးအား လိမ်လည်ခြင်း၊လှည့်စားခြင်း သို့မဟုတ် လှည့်ဖြားခြင်း

၆။ ရာဇ၀တ်မှုမြောက်သော သို့မဟုတ် ယုတ်မာသော ရည်ရွယ်ချက်များဖြင့် ဤ၀န်ဆောင်မှုအား အသုံးချခြင်း



၎။ မူပိုင်ခွင့်

၎.၁။ ဤ၀န်ဆောင်မှုမှပေးထားသော စာသားများ (ဟောကြားချက်များအပါအ၀င်) နှင့် ဓာတ်ပုံနှင့် ရုပ်ပုံစသည့် အခြားဒေတာများနှင့် ပတ်သက်သည့် ဉာဏပစ္စည်းမူပိုင်ခွင့်အားလုံးသည် အမ်ပီတီနှင့်သာ သက်ဆိုင်သည်။



၅။ မသက်ဆိုင်ကြောင်း ငြင်းပယ်ချက်

၅.၁။ ဤ၀န်ဆောင်မှုကို စဉ်ဆက်မပြတ်ပေးရန်၊အဆက်ပြတ်ခြင်းမရှိဘဲပေးရန် သို့မဟုတ် လုံခြုံဘေးကင်းစွာဖြင့် ပေးရန် အမ်ပီတီက တာဝန်ခံထားခြင်း သို့မဟုတ် အာမခံထားခြင်းမရှိချေ။ ရံဖန်ရံခါပြုလုပ်နိုင်သော စမ်းသပ်မှု၊ ပြင်ဆင်မွမ်းမံမှု၊ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် အဆင့်မြှင့်တင်မှုများအပြင် အမ်ပီတီ၏ ထိန်းချုပ်မှုအောက်တွင်မရှိ သည့် အခြားအကြောင်းတရားများကြောင့် ဤ၀န်ဆောင်မှုကို ထိခိုက်မှုဖြစ်စေနိုင်ကြောင်း သုံးစွဲသူအနေဖြင့် သိရှိပါသည်။

၅.၂။ ဤ၀န်ဆောင်မှုကို ဖျော်ဖြေမှုပေးသည့် ရည်ရွယ်ချက်သက်သက်ဖြင့်သာ ပေးထားခြင်းဖြစ်သည်။ ဤ၀န် ဆောင်မှုကို ပေးရာတွင် ဆေးပညာဆိုင်ရာ ပညာရှင်များ သို့မဟုတ် အကြံပေးပညာရှင်များ၏ အကြံပြုချက်များ သို့မဟုတ် အကြံများကို အသုံးပြုထားခြင်းမရှိသည့်အတွက် ဤ၀န်ဆောင်မှုကို ယုံကြည်အားထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့်ပတ်သက်ပြီး အသုံးပြုသူ တစ်ဦးတည်းတွင်သာ တာဝန်ရှိကြောင်း သုံးစွဲသူအနေဖြင့် သိရှိပြီး သဘောတူပါသည်။

၅.၃။ ဤ၀န်ဆောင်မှုကို ပြီးပြည့်စုံသော၊ တိကျမှန်ကန်သော၊ အပ်စပ်မှုရှိသော သို့မဟုတ် အသုံးဝင်သော ၀န် ဆောင်မှုဖြစ်စေရမည်ဟု အမ်ပီတီက အာမမခံထားချေ။ဤ၀န်ဆောင်မှုကို အသုံးပြုခြင်းကြောင့် ရရှိသည် သို့ မဟုတ် ဖြစ်ပေါ်သည်ဟု ယူဆသည့် သို့မဟုတ် စွပ်စွဲပြစ်တင်ထားသည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ လက်ငင်းသက်ရောက်မှုဖြစ်စေ၊ ထူးခြားသက်ရောက်မှုဖြစ်စေ၊ မတော်တဆ သို့မဟုတ် ပြင်းထန်သော ထိခိုက် နစ်နာမှုများနှင့် အလားတူထိခိုက်နစ်နာမှုများအပါအ၀င် မည်သည့် ထိခိုက်နစ်နာမှုမဆိုနှင့်ပတ်သက်ပြီး အမ်ပီတီ တွင် တာဝန်မရှိစေရ။

၅.၄။ အမ်ပီတီ၊ ယင်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပင်မကုမ္ပဏီများနှင့် အုပ်စုအဖွဲ့ဝင်ကုမ္ပဏီများ နှင့် ယင်း တို့နှင့် သက်ဆိုင်သည့် အရာရှိများ၊ ညွှန်ကြားရေးမှူးများနှင့် ၀န်ထမ်းများအား နစ်နာမှု၊ တောင်းဆိုမှု၊ ပေးရန် တာဝန်၊ ရှေ့နေခအပါအ၀င် ကုန်ကျစရိတ်များ၊ ဆုံးရှုံးမှုအမျိုးမျိုး သို့မဟုတ် ဤစည်းကမ်းချက်များအား သင်၏ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာသည့် တတိယအဖွဲ့အစည်း တစ်ခုခုက အမ်ပီတီထံ ပြုလုပ်လာသည့် မည်သည့် ကိစ္စမျိုးမဆိုအတွက် ဥပဒေကြောင်းအရတာဝန်ယူရမှုမှ ကင်းလွတ်စေရမည်ဖြစ်ပြီး သင်က လျော်ကြေးပေးမည်ဟု သုံးစွဲသူအနေဖြင့် သဘောတူပါသည်။



၆။ သတင်းအချက်အလက်လုံခြုံမှု မူဝါဒ

၆.၁။ အမ်ပီတီသည် သုံးစွဲသူတစ်ဦးချင်းစီမည်သူမည်ဝါဖြစ်ကြောင်း သတ်သတ်မှတ်မှတ်ရှိစေရန် အတွက် သာ ပုဂ္ဂိုလ်ရေးအချက်အလက်များအား စုဆောင်းရယူထားခြင်းဖြစ်သည်။ ဤ၀န်ဆောင်မှုကို အသုံး ပြုခြင်းအားဖြင့် သင်၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို အမ်ပီတီ၊ တတိယအဖွဲ့အစည်း ၀န်ဆောင် မှုကုမ္ပဏီ နှင့် (အကယ်၍ အတင်းအကြပ်တောင်းဆိုလာပါက) ရဲ၊ စုံစမ်းစစ်ဆေးရေး သို့မဟုတ် အာဏာ ပိုင်အဖွဲ့အစည်းများအားပေးပို့မည်ဖြစ်ကြောင်း သုံးစွဲသူအနေဖြင့် သိရှိပြီး သဘောတူပါသည်။ ပုဂ္ဂိုလ်ရေး အချက်အလက်များတွင် သင်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊ သင်၏ Account၊ ဤ ၀န်ဆောင်မှုအား သင်အသုံးပြုသည့်အလေ့အထ နှင့် သင်အသုံးပြုသည့် ဒေတာများစသည့် အချက်များ ပါဝင်သည်။

၆.၂။ အမ်ပီတီသည် သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား အထက်ပါအပိုဒ် ၆.၁ တွင် ဖော်ပြထား သည့်သူများမှအပ အခြားတတိယအဖွဲ့အစည်းများထံပေးမည်မဟုတ်သည့်အပြင် သင်၏ သတင်းအချက် အလက်များအား ခွင့်ပြုချက်မရဘဲရယူသွားခြင်းမျိုးမရှိအောင် အကာအကွယ်ပေးရန် သင့်လျော်သည့် လုံခြုံရေးဆောင်ရွက်ချက်များ ပြုလုပ်မည်။